Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နောက် ၂ ရက် အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ မိုးရွာလာဖို့ ရှိနေ

၂၀၂၅၊ဧပြီလ၊၃၀ရက်

နောက်ထပ်၂ ရက်အတွင်း မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ မိုးရွာဖို့ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နောက်ထပ်၂ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်၊ရန်ကုန်မြို့နှင့် မန္တလေးမြို့ တွေမှာ ယနေ့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

#mercury#mercurynews#ပြည်တွင်းသတင်း#Myanmar#မိုးလေ၀သ