၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂)ရက်
နောက်(၄၈)နာရီအတွင်း နာဂဒေသတွေ၊စစ်ကိုင်းအထက်ပိုင်းခန္တီးနဲ့ထမံသီကြားမိုးအလွန်များပြီး တောင်ကျရေတွေကြောင့် တောင်ပြို၊မြေပြိုနိုင်လို့ ကျေးရွာတွေကြိုတင်ရွှေ့ပြောင်းထားသင့်တယ်လို့သိရပါတယ်။
ထိုင်ဝမ်ကျွန်းကိုဝင်မဲ့ တိုင်ဖွန်း KRATHON အရှိန်နဲ့ ရောက်ရှိလာတဲ့ မိုးတိမ်တွေကြောင့်အဲဒီ့ဒေသတွေမှာ မိုးအလွန်များမှာဖြစ်ပါတယ်။
“နောင်၄၈ နာရီအတွင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးနဲ့ လဟယ်ကြား၊စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီး နဲ့ ထမံသီကြား၊ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကပ်လျှက်က တောင်ကြောပေါ်မှာ မိုးအလွန်များ(HEAVY RAINFALL IN 48 HOURS) နိုင်တာကြောင့် သတိပေးခဲ့ပေးထားပါတယ်။
နာရီ(၄၀)ကျော်လိုကတည်းကကယ်ဆယ်ရွှေ့ပြောင်းကြဖို့ သတိပေးပြောထားပါတယ်။
နာဂတောင်တန်းအောက်နဲ့ ချင်းတွင်းမြစ် ကြားရွာတွေကသတိထားဖို့လိုပါတယ်။တောင်ကျ ချောင်းရေတွေကြောင့် တောင်ပြိုမြေပြိုနိုင်တယ်”လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးစကားဆိုထားပါတယ်။
အခု အောက်တိုဘာ(၂)ရက်ကစလို့မိုးများမယ့် ဒေသတွေကတော့ ကချင်၊ချင်း၊စစ်ကိုင်းအထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရခိုင်၊မန္တ လေး၊မကွေး၊ပဲခူး၊မွန်၊ကရင်တို့မှာ မိုးတွေများမှာ ဖြစ်ပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးနဲ့ လဟယ်ကြား၊စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီး နဲ့ ထမံသီ ကြား ဒေသတွေမှာမိုးအလွန်များပြီး တောင်ပြိုမြေပြိုနိုင်လို့ ကျေးရွာနေပြည်သူတွေ အချိန်မီ ပြောင်း ရွေ့ထားဖို့လိုအပ်တယ်လို့ သိရပါတယ်။