Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နေပြည်တော်တွင်ရေကြီးနစ်မြုပ်မှုကြောင့် လူ(၁၉)ဦး ‌ေ-သဆုံး

—————————————–

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၃)ရက်

ရေကြီးနစ်မြုပ်မှုကြောင့်နေပြည်တော်မှာ လူဦးရေ (၁၉)ဦး ‌ေ-သဆုံးခဲ့တယ်လို့ ကနဦးသတင်းအချက်အလက်တွေအရမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရပါတယ်။

သေဆုံးသူ‌တွေမှာ အမျိုးသား(၆)ဦး၊ အမျိုးသမီး (၁၃)ဦး၊ စုစုပေါင်း(၁၉)ဦး သေဆုံးခဲ့ပြီးရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း‌တွေကိုဆက်လက်ဆောင် ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ(၁၂)ရက်နေ့ ည(၈)နာရီခွဲအချိန်အထိ နေပြည်တော်ရှိစုစုပေါင်း နေရာ(၃၀)တို့မှ ရေဘေးသင့်ပြည်သူ (၃၆၀၂) ဦးတို့ကိုရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။