အလှူရှင်တွေရဲ့စေတနာကြောင့် နေစရာနေအိမ်လေး ပိုင်ဆိုင်သွားခဲ့ပြီဖြစ်တဲ့ ရင်သွေး ၅ ယောက်မိခင် တီဘီရောဂါခံစားနေရသူ မအိအိစိုး
—————–
ဒီနေ့ ဒီအချိန်မှာတော့ တီဘီရောဂါ ခံစားနေရတဲ့ မအိအိစိုးနဲ့ သူမရဲ့ရင်သွေး ၅ ယောက်တို့ဟာ အမိုးအကာအပြည့်အစုံနဲ့ နေထိုင်စရာ နေအိမ်လေးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရသွားခဲ့ပါပြီ။ မအိအိစိုးဟာ ခင်ပွန်းသည် ဆုံးပါးသွားပြီးချိန်ကတည်းက နေစရာမဲ့ စားစရာမဲ့ ခိုကိုးရာမဲ့ဘဝကို ရင်သွေး ၅ ယောက်နဲ့အတူ ခါးစည်းရင်ဆိုင်နေခဲ့ရတာပါ။ ရင်သွေးတွေ စားသောက်ဖို့အတွက် ပြင်ပကိုထွက်ပြီး အလုပ်လုပ်ချင်ခဲ့ပေမယ့် သူမခံစားနေရတဲ့ ရောဂါဝေဒါကြောင့် သူမကို အလုပ်ပေးချင်သူကလည်း မရှိခဲ့ပါဘူး။ အခုတော့ ပရဟိတ ကိုထွန်းမင်းရဲ့ဆော်ဩမှုနဲ့အတူ အလှူရှင်တွေက ထည့်ဝင်လှူဒါန်းပေးခဲ့တာကြောင့် မိုးမစိုရုံ၊ ကျောခင်းလို့ရရုံ ဖြစ်သလိုနေခဲ့ရတဲ့ဘဝကနေ အမိုးအကာနဲ့ နေအိမ်လေးတစ်လုံးပိုင်ဆိုင်ခွင့်ရတဲ့ အနေအထားဆီ မအိအိစိုးတို့မိသားစုက ရောက်ရှိသွားခဲ့ပါပြီ။ မအိအိစိုးနဲ့ သူမရဲ့ရင်သွေး ၅ ယောက် လုံလုံခြုံခြုံနေထိုင်နိုင်စေဖို့အတွက် ဒီနေအိမ်လေးကို စေတနာရှေ့ထားပြီး ဆောက်လုပ်ပေးခဲ့သူက လက်သမားဆရာကြီး ကိုကျော်ဇေယျ ဖြစ်ပါတယ်။ အလှူရှင်တွေရဲ့စေတနာသဒ္ဓါတရားကြောင့် နေစရာ နေအိမ်လေးတစ်လုံး အလျင်အမြန် ပိုင်ဆိုင်ခွင့်ရသွားခဲ့တဲ့ မအိအိစိုးနဲ့ သူမရဲ့ရင်သွေး ၅ ယောက်အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် ကြည်နူးဝမ်းမြောက်ဖွယ်ရာ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #အိအိစိုး #ကိုထွန်းမင်း #စားဝတ်နေရေး #မိသားစုဘဝ #ခိုကိုးရာမဲ့ #နေစရာ #အစားအသောက် #EiEiSoe #KoTunMinn #နေအိမ် #Yangon #Myanmar