Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နီနီလင်းအိမ်က အဆိုပြိုင်ပွဲ ဝင်နေတာ မဟုတ်သလို အမှတ်ပေးတာကလည်း အဲ့ဒါတွေနဲ့ သိပ်မဆိုင်ဘူး – လှနုထွန်း

“နီနီလင်းအိမ်က အဆိုပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး၊ အလှမယ်ပြိုင်ပွဲဝင်နေတာဖြစ်လို့ အဆိုဘက်မှာ သူ ပြီးပြည့်စုံနေစရာ မလိုဘူး၊ မယ်တစ်ယောက်ကို အမှတ်ပေးတာကလည်း အဲ့ဒါတွေနဲ့ သိပ်မဆိုင်ဘူး” – လှနုထွန်း(Relationship Coach)
———————–
“နီနီလင်းအိမ်က အဆိုပြိုင်ပွဲ ဝင်နေတာ မဟုတ်ဘူးလေ။ မြန်မာကိုယ်စားပြုပြီး အလှမယ်ပြိုင်ပွဲ ဝင်နေတာဖြစ်တဲ့အတွက်ကြောင့် အဆိုဘက်မှာ သူ Perfect(ပြီးကြည့်စုံနေစရာ)မလိုဘူး။ ဒါပေမဲ့ အင်း…အဲ ဖြစ်မနေဘဲ မိုက်ခရိုဖုန်း လက်ထဲရောက်တာနဲ့ သူပြောနိုင်တယ်၊ ဆိုနိုင်တယ် ဆိုကတည်းက လှနုတို့ကနေ သူ့ကို အရမ်းအားပေးနေရပြီ။ နီနီ့ကို လှနု အရမ်းအားပေးတယ်။ အခု ဒီမှာ သီချင်းဆိုလိုက်တဲ့ စာသားလေးဆိုရင်လည်း တော်တော်ခက်တဲ့သီချင်းကို လူတွေရှေ့မှာ သူ ကြိုးစားပြီး ဆိုလိုက်တာ။ ညီမလေး နီနီ ကို လှနု သတိထားမိတဲ့အချိန်မှာ သူ့ကိုယ်သူ Confidence(ယုံကြည်မှု) အရမ်းရှိတယ်။ သီချင်းဆိုတာက အလှမယ်ပြိုင်ပွဲမှာ Talents’ Show လို ပြိုင်ရတာ။ တချို့သူတွေ အင်္ဂလိပ်လို ပြောတဲ့အချိန်မှာ သူ ပြန်ပြီး တုံ့ပြန်တဲ့ဟာက လွဲကောင်း လွဲလိမ့်မယ်။ ဒါပေမဲ့ သူအတတ်နိုင်ဆုံးကို သူလုပ်သွားခဲ့တယ်။ အဲ့ဒါကို ဘာလို့ အပြစ်တွေပြောနေလဲဆိုတာ လှနု စဉ်းစားလို့ မရဘူးရှင့်။ အဓိက,က မယ်တစ်ယောက်ကို အမှတ်ပေးတဲ့အခါ အလုပ်တစ်ခု၊ အခက်အခဲတစ်ခု၊ အဆိုင်းမင့်တစ်ခုကို ပေးလိုက်တဲ့အချိန်မှာ လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သည်ဖြစ်စေ၊ မျက်နှာမပျက်သွားဘဲနဲ့ အကောင်းဆုံးနဲ့ သူအတတ်နိုင်ဆုံး လုပ်သွားတာကို အမှတ်ပေးတာပါ။ အဲ့တော့ နီနီသည် မျက်နှာပျက်သွားတာ မရှိဘူး၊ ရှက်ပြီး ငိုပြီး ထွက်ပြေးသွားတာ မရှိဘူး၊ သူ အတတ်နိုင်ဆုံးကို အပြုံးမပျက်ဘဲ လုပ်သွားတာဖြစ်တဲ့အတွက် လှနုသာ ဒိုင်တစ်ဦးအနေနဲ့ဆိုလို့ရှိရင် လှနု သူ့ကို အမှတ်တွေ အများကြီး ပေးမိမှာ” – လှနုထွန်း(Relationship Coach)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #HlaNuHtun #လှနုထွန်း #RelationshipCoach #အသည်းကွဲ #ရုပ်ရှင်ရိုက် #MissUniverse #Personal #အချစ်ရေး #FoodVlogs #Yangon #Myanmar