၂၀၂၅၊ဇန်နဝါရီလ၊၁၆ရက်
Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် နိုင်ငံခြားငွေကြေးကို ရောင်းဝယ်ဖောက်ကားနေတဲ့ အကောင့် ၂၇ခုကို စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေဖော်ပြနေတဲ့ Facebook Groups ၁၂ခု၊Pages ၅ခု၊လူပုဂ္ဂိုလ် ၁၀ဦး တို့ကို စုံစမ်းဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး သူတို့တွေဟာ ငွေကြေးဈေးကွက်ကို မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေဖို့နဲ့ ဈေးကစားတာတွေမဖြစ်အောင် သွင်းကုန်လုပ်ငန်းရှင်တွေကို Online Trading Platform ကနေ ရောင်းချပေးတာတွေ၊ နိုင်ငံခြားကို ဆေးကု၊ပညာသင်၊ဘုရားဖူး နဲ့ အလုပ်အကိုင်ကိစ္စအတွက် သွားရောက်မယ့်သူတွေကို ပုဂ္ဂလိကဘဏ် ငွေလဲကောင်တာတွေကနေ ရောင်းချပေးတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ-MercuryNews
#mercury#mercurynews#နိုင်ငံခြားငွေလဲ#ပြည်တွင်းသတင်း#ဗဟိုဘဏ်