မရှိစစ်ဆေးမည်
——————————————————————————————
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၄)ရက်
နိုင်ငံခြားကိုတင်ပို့မယ့်မြန်မာ့ရွှေတွေ ရွှေရည်ပြည့်မီမှုရှိမရှိစစ်ဆေးသွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ သိရပါတယ်။
လန်ဒန်ဈေးကွက်၊အမေရိကန်ဈေးကွက်၊ဂျပန်ဈေးကွက်၊သြစတြေးဈေးကွက်တွေမှာ တရားဝင် ရောင်းဝယ်လို့ ရမယ့် ရွှေစံချိန် စံညွှန်းတွေသတ်မှတ်ထုတ်ပေးမှာဖြစ်ပြီး စက်တွေနဲ့ ဝယ်ပြီးတော့ အမေရိကန်ကပဲ စစ်ဆေးကာ ISO ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်း(YGEA)မှ ဦးမျိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဈေးကွက်ထဲမှာ ရောင်းမယ့်ဝယ်မယ့်ရွှေရည်တွေလည်း စံချိန်စံနှုန်းပြည့်မီမှ ရောင်းချဖို့ သတ်မှတ်ထားပြီး နောင်တစ်ချိန်မှာ၁၅ပဲရည်ဆိုပြီး ၁၂ပဲရည်၊၁၃ပဲရည်တွေကိုရောင်းချနေတာကိုလည်း YGEAမှာ ရွှေစစ်ဆေးနိုင်တဲ့ စက်တွေနဲ့ စမ်းသပ်စစ်ဆေးနိုင်မှာဖြစ်တယ်လို့ပြောကြားထားပါတယ်။