Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နယူးအော်လန်မြို့က နှစ်သစ်ကူးနေ့တိုက်ခိုက်မှုအပေါ် FBIထိထိရောက်‌ရောက် စစ်ဆေးမည်

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊၂ရက်

အမေရိကန်နိုင်ငံ၊နယူးအော်လန်မြို့မှာ နှစ်သစ်ကူးနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအပေါ် FBIအနေနဲ့ ထိထိရောက်ရောက်စစ်ဆေးပြီး ပင်မတရားခံတွေကို ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

နယူးအော်လန်မြို့မှာ နှစ်သစ်ကူးနေ့က လူအုပ်ထဲကို ထရပ်ကားနဲ့ဝင်တိုက်ပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ၁၀ ဦး သေဆုံးပြီး ၃၅ ဦးကျော် ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ် အပေါ် FBI ကအကြမ်းဖက် ဝါဒစွဲနဲ့ တိုက်ခိုက်မှုအဖြစ် သံသယဝင်နေတာဖြစ်ပါတယ်။

တိုက်ခိုက်သူက လူအုပ်ကို ကားနဲ့ ဝင်တိုက်ခဲ့ပြီးတဲ့နောက် ရဲအရာရှိတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။တိုက်ခိုက်ခဲ့တဲ့ တရားခံသေဆုံးသွားပေမယ့် FBIအနေနဲ့နောက်ကွယ်မှာ ကြိုးကိုင်တဲ့တရားခံတွေရှိနေမယ်လို့ ထင်တာကြောင့် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#နယူးအော်လန်