၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၇)ရက်
ဓူတင်(၉)ပါးကျင့်ကြံတော်မူလျက်ရှိတဲ့ ဟင်္သာတမြို့မှဆရာတော်ဘုရားကြီး ဓူတင်ကျင့်ဆောင်တော်မူစဉ် ထိုင်လျက် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်ရဲ့ သြဝါဒါစရိယနဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရဟာ ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်မှာထိုင်လျက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ပျံလွန်တော်မူသွားခဲ့တဲ့ ထိုင်ခုံပေါ်မှာထားရှိကာ အဲဒီ့ထိုင်ခုံကို မှန်ဖြင့်ကာရံပြီး (၇)ရက်တိုင်အပူဇော်ခံထားရှိမှာဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ ကျန်းမာရေးကောင်းမွန်ကာ ဆေးကုသနေရခြင်းမရှိဘဲ နေ့စဥ် ဆွမ်းခံကြွတော်မူလေ့ရှိပြီး ဒကာ၊ ဒကာမတွေဟာ တရားဟောကြားမှုတွေကို အစဥ်ပြုလုပ်တော်မူလေ့ရှိပြီး ကျောမခင်းဓုတင်အပါအဝင် ဓုတင်(၉)ပါးကို ကျင့်ဆောင်နေတော်မူလျက်ရှိကာ ပျံလွန်တော်မူချိန်မှာ သက်တော်(၇၆)နှစ်၊ ဝါတော် (၅၂)ဝါရှိပြီဖြစ်တယ်လို့ သိရပါတယ်။