———————-
ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်ပြီး ဒေါ်လာဝယ်ရောင်း လုပ်ကိုင်တဲ့ ဦးခင်မောင်ဝင်းရဲ့ အိမ်ကို မနေ့က ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည် ၃ နာရီလောက်မှာ ကား ၂ စီးနဲ့အတူ လူ ၈ ယောက် ရောက်လာပြီး ဦးခင်မောင်ဝင်းကို ဖမ်းဆီးသွားတဲ့အပြင် ကျပ်ငွေ သိန်း ၁,၀၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာတွေကို ယူဆောင်သွားတယ်လို့ သတင်းကြားသိရပါတယ်။
ကား ၂ စီးနဲ့ရောက်လာတဲ့ လူ ၈ ယောက်ဟာ ရန်ကုန်မြို့လယ်၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းထိပ်မှာရှိတဲ့ ဦးခင်မောင်ဝင်းရဲ့နေအိမ်ထဲကို ရောက်လာခဲ့တာဖြစ်ပြီး ေ-သနတ်တွေ၊ ဓားတွေကို ကိုင်ဆောင်ထားကြတယ်လို့ သိရှိရပါတယ်။
ကျူးလွန်သူတွေဟာ ဦးခင်မောင်ဝင်းကို ဖမ်းဆီးသွားခဲ့ပြီးနောက်မှာတော့ ထိုးကြိတ်ရိုက်နှက်ကာ တောင်ဒဂုံမြို့နယ်ရဲ့ လမ်းဘေးတစ်နေရာမှာ ပစ်ချထားခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ ဦးခင်မောင်ဝင်းရဲ့နေအိမ်မှာရှိတဲ့ CCTV မှတ်တမ်းတွေကို ကြည့်ရှုခဲ့သလို အိမ်မှာရှိတဲ့လူတွေကိုလည်း စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။