နယူးယောက်၊ ဒီဇင်ဘာ ၁၆
ဒေါ်နယ်ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးရှေ့နေဖြစ်သူ ဂူလီယာနီ ဟာ ဂျော်ဂျီယာရွေးကောက်ပွဲဝန်ထမ်းဟောင်းနှစ်ယောက်ကို အမေရိကန်ဒေါ်လာ ၁၄၈ သန်းအထိ နစ်နာကြေးပေးရတော့မယ်လို့ သိရပါတယ်။
ဒီအမိန့်ကို တရားသူကြီးတစ်ဦးက ချမှတ်လိုက်တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အာဏာဆက်ရစေရေးအတွက် ဂူလီယာနီနဲ့ တခြားသော ရီပတ်ဘလစ်ကန်တွေက မဲလိမ်လည်မှုတွေ လုပ်ခဲ့ကြတယ်လို သတင်းတွေက ဖော်ပြပါတယ်။
ဒီအရေးကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲအမျိုးသမီးဝန်ထမ်းနှစ်ယောက်က သူတို့အပေါ် အသရေဖျက်မှု၊ လိမ်လည်မှုတွေ လုပ်ခဲ့ပါတယ်လို့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
သူမတို့ဟာ လူမျိုးရေးခွဲခြားခံခဲ့ရသလို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ အဲ့ဒီအမျိုးသမီးတွေက ပြောကြားခဲ့ပြီး တရားသူကြီးက နစ်နာကြေးအဖြစ် ဒေါ်လာ ၇၅ သန်းပေးဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ချိန်မှာ တရားရုံးအတွင်း ဩဘာပေးသံတွေ ဆူညံသွားခဲ့ပါတယ်။
ဒါ့အပြင် အခြားသော ပျက်စီးဆုံးရှုံးမှုတွေအတွက်လည်း သူမတိုကို့ ဒေါ်လာ ၃၆ သန်းစီ ပေးရမယ်လို့ တရားသူကြီးက နောက်ဆုံးတွဲအမိန့်စီရင်ချက် ထပ်မံချမှတ်လိုက်သေးကြောင်း သိရှိရပါတယ်။