Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒေါ်နယ်ထရန့် အမေရိကန်သမ္မတသစ် ဖြစ်လာပြီးနောက် Bitcoin ဈေး အချိန်နဲ့အမျှ ပြန်လည် မြင့်တက်လာ

၂၀၂၅၊ဇန်နဝါရီလ၊၂၀ရက်

အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် ကျမ်းသစ္စာ ဆိုပြီးနောက်ပိုင်းမှာ နာမည်ကြီး Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoinရဲ့ ဈေးနှုန်းဟာ တစ်ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ကျော် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

မနေ့ညလယ်ပိုင်းလောက်အထိ Bitcionဈေးဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ စွန်းစွန်း ဝန်းကျင်သာဈေးပေါက်နေခဲ့ပေမယ့်ယနေ့ မနက်ပိုင်းမှာ တော့ အမေရိကန်ဒေါ်လာ ၁၀၂၀၀၀နီးပါးအထိ ပြန်လည်မြင့်တက်လာတာကို တွေ့ရပါတယ်။

လက်ရှိဈေးနှုန်းဟာ Bitcoinရဲ့ စံချိန်တင်ဈေးနှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ၁၀၇၀၀၀ကို မမှီသေးပေမယ့် ဒီနှစ်ပိုင်းမှာဘဲ ကျော်တက်သွားနိုင်တယ်လို့ နာမည်ကြီး Cryptocurrency ခန့်မှန်းဝက်ဆိုက်တော်တော်များများကထောက်ပြနေကြပါတယ်။

အမေရိကန်ပညာရှင်တွေကတော့ ၂၀၂၅ခုနှစ်အတွင်းမှာ Bitcoinဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ကနေ ၃၀၀၀၀၀အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

#mercury#mercurynews#bitcoin#Cryptocurrenc

#cryptocurrencynews