၂၀၂၅၊ဇန်နဝါရီလ၊၂၀ရက်
အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်သစ္စာဆိုပြီးနောက် ဒေါ်နယ်ထရန့်ဟာ တာဝန်ယူရတဲ့ ပထမဆုံးနေ့မှာဘဲ လူဝင်မှုကြီးကြပ်ရေး၊စွမ်းအင်မှုဝါဒနဲ့ ဖက်ဒရယ်အစိုးရတစ်ရပ်နဲ့အညီ မဲဆွယ်စည်းရုံးရေးရဲ့ မှုဝါဒများကို ဦးစားပေးလုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ CNNသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သမ္မတ ထရန့်နဲ့ သူ့ရဲ့အကြံပေးတွေဟာ အစိုးရသစ်ရဲ့ ပထမဆုံးနေ့မှာဘဲ စီရင်ဆုံးဖြတ်ခွင့်အမိန့်ပေါင်း ၁၀၀ကျော်ကို ထုတ်ပြန်ပေးသွားဖို့ ရှိနေပြီး အမိန့်အများစုဟာ သမ္မတဟောင်းဘိုင်ဒန်လက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ဆောင်ချက်အများစုကို ဆက်လုပ်သွားဖို့နဲ့ဖျက်သိမ်းသွားဖို့တွေ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက သမ္မတ ထရန့်ရဲ့ မှုဝါဒရေးရာ လက်ထောက်အကြီးအကဲဖြစ်တဲ့ စတီဖင် မေလ်လာက သမ္မတဟောင်း ဘိုင်ဒန်လက်ထက်က လုပ်ဆောင်ချက်ဟောင်းတစ်ချို့ကို အကြီးတန်း ရီပတ်ဘလင်ကန် လွတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ်မှာ ကြည့်ရှုခဲ့တယ်လို့ လည်း သိရပါတယ်။
#Mercury#mercurynews#နိုင်ငံတကာသတင်း#ဒေါ်နယ်ထရန့်#အမေရိကန်