၂၀၂၄၊ဒီဇင်ဘာလ၊၁၄ရက်
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၊ဒေါပုံမြို့နယ်၊ဗိုလ်ထွန်းဇံရပ်ကွက်၊ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ အမျိုးသားတစ်ဦး တိုက်ပေါ်က ပြုတ်ကျခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)ထံမှ သိရပါတယ်။
တိုက်ပေါ်မှပြုတ်ကျခဲ့တဲ့ အမျိုးသားဟာ ဦးခေါင်းထိခိုက်၊နဖူးကွဲ၊အခြား ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး ” သစ္စာမဏ္ဍိုင် “- အသင်း ၏ အရေးပေါ် လူနာ တင်ယာဉ်နဲ့ အထွေထွေရောဂါကုဆေးရုံ (လမ်းမတော်)ကို ပို့ဆောင်ပေးခဲ့တယ်လို့လဲသိရပါတယ်။
အဆိုပါအမျိုးသားဟာ ဘာကြောင့်တိုက်ပေါ်က ပြုတ်ကျခဲ့တယ်ဆိုတာကို သိသိကျကျမသိရသေးဘူးလို့လည်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)ကထုတ်ပြန်ထားပါတယ်။