Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒေါပုံမြို့နယ်တွင် အငှားယာဥ်မောင်းတစ်ဦး ဓါးဒဏ်ရာအများအပြားနဲ့ ‌အသ-တ်ခံရ

၂၀၂၅၊ဇန်နဝါရီလ၊၁၆ရက်

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်၊ဇေယျာသီရိရပ်ကွက် ဇေယျာသီရိ-၆လမ်းထိပ်မှာ အငှားယာဉ်မောင်းတစ်ဦး ဓါးဒဏ်ရာအများအပြားနဲ့ အသ-တ်ခံခဲ့ရတယ်လို့ YROအဖွဲ့ဝင်၊ ” သစ္စာမဏ္ဍိုင်လူမူကူညီကယ်ဆယ်ရေးအသင်း ” (ဒေါပုံ)ထံမှ သိရပါတယ်။

အသ-တ်ခံရတဲ့ အငှားယာဥ်မောင်းဖြစ်သူမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ)ရရှိထားခဲ့ပြီး သစ္စာမဏ္ဍိုင်လူမူကူညီကယ်ဆယ်ရေးအသင်းက အထွေထွေရောဂါကုဆေးရုံ (လမ်းမတော်)ကိုပို့ဆောင်ပေးနေစဉ်မှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အသ-တ်ခံခဲ့ရတဲ့ အငှားယာဉ်မောင်းဟာ ဇေယျာသီရိရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး သေဆုံးသူရဲ့ရုပ်အလောင်း(Dead Body)ကို သစ္စာမဏ္ဍိုင်လူမူကူညီကယ်ဆယ်ရေးအသင်းကဘဲ ရန်ကုန်ဆေးရုံကြီးကို ဆက်လက်ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-မှုရင်းပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ပြည်တွင်းသတင်း#မှုခင်း#ဒေါပုံ