Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးများကို နစကမှ‌ရာထူးနေရာပြောင်းရွှေ့

——————————————————————————————

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၉)ရက်

ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးတွေကို နစကမှ‌ရာထူးနေရာပြောင်းရွှေ့ တာဝန်ပေးလိုက်တယ်လို့ နစကရဲ့အမိန့်ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတင်အောင်စန်းကို ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ရုံး၊ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်တယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို နစကအစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်‌ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပါတယ်။

လစ်လပ်သွားတဲ့ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နေရာမှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုရာထူးတိုးမြှင့်ခန့်အပ်ထားတယ်လို့ ပြည်တွင်းမီဒီယာအချို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

#mercury#mercurynews#ဝန်ကြီး#နစက#ပြည်တွင်းသတင်း