Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“ဒီလို ရေငန်ငါးကန် တစ်ကန်ဖြစ်ဖို့ အနည်းဆုံး သိန်း ၆၀၀ ၀န်းကျင်လောက် လိုတယ်” – အောင်ခီဝင်း

“ဒီလို ရေငန်ငါးကန် တစ်ကန်ဖြစ်ဖို့ အနည်းဆုံး သိန်း ၆၀၀ ၀န်းကျင်လောက် လိုတယ်” – အောင်ခီဝင်း(Ocean Wonders)
——————-
အလှမွေးငါးလေးတွေ မွေးမြူရတာကို ခုံမင်သဘောကျသူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အလှမွေးငါး မွေးမြူသူအများစုက ရေချိုငါးတွေကို မွေးမြူတာ များပါတယ်။ ရွှေငါးလေးတွေ မွေးမယ်၊ Lucky Fish မွေးမယ် စသဖြင့်ပေါ့လေ။ အလှငါးမွေးမြူသူတွေကို လေ့လာစူးစမ်းကြည့်လိုက်ရင် ရေငန်ငါးကို မွေးမြူထားသူတွေက ရှာမှရှားဆိုသလို တကယ့် ရှားပါးပါပဲ။ ဒီနေ့မှာ Mercury Variety ပရိသတ်တွေကို ထူးထူးခြားခြား မိတ်ဆက်ပေးချင်တာကတော့ ချစ်စဖွယ် ရေငန်ငါးလေးတွေကို တယုတယ မွေးမြူနေသူတစ်ယောက်ပါပဲ။ ရေငန်ငါးလေးတွေကို စနစ်တကျ အလှမွေးနေသူက ကိုအောင်ခီဝင်း ပဲဖြစ်ပါတယ်။ ရေငန်ပင်လယ်ငါးလေးတွေရော ငါးလေးတွေအသက်ရှင်ဖို့လိုအပ်တဲ့ အပင်လေးတွေ၊ ရေသံယဇာတလေးတွေကိုပါ သေသေချာချာ စုံစုံလင်လင် ဖန်တီးပြီး Ocean Wonders လို့ နာမည်ပေးအပ်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ကိုလည်း ကိုအောင်ခီဝင်းက တည်ထောင်ထားပါတယ်။ အခုလို အလှမွေး ရေငန်ငါးကန်တစ်ကန်ဖြစ်ဖို့အတွက် အနည်းဆုံးအဖြစ် ငွေကျပ် သိန်း ၆၀၀ လောက် လိုတယ်လို့လည်း ကိုအောင်ခီဝင်းက ပြောပြပါတယ်။ မြန်မာပြည်မှာ လူနည်းစုသာ မွေးမြူကြတဲ့ ရေငန်ငါးကန် တစ်ကန်ဖြစ်လာဖို့ ဘာတွေ ဘယ်လို ကုန်ကျသလဲ၊ ဒီရေငန်ငါးကန်ကို ဘယ်လိုထိန်းသိမ်းရစောင့်ရှောက်ရသလဲဆိုတာ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryPetPrograme #MercuryLifeStory #MercuryExclusiveInterview #KoAungKhiWin #OceanWonders #အလှမွေးငါး #ရေငန်ငါး #ရေငန်ငါးကန် #600Lakhs #Yangon #Myanmar