မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ကစားသမား ဒီဘရိုင်နေး ကစားပြနေတဲ့ပုံစံဟာ ယူ-၁၂ လိဂ်မှာ အသက် ၂၀ ကစားသမားတစ်ယောက် လာကစားပြနေတာနဲ့ သိပ်တူတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီဘရိုင်နေးဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးတဲ့နောက် မန်စီးတီးအတွက် အထူးပဲ ခြေစွမ်းပြနေပြီး ဒီဘရိုင်နေး ပြန်ကစားလာနိုင်ခဲ့ပြီးတဲ့နောက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့အမှတ်ဇယားထိပ်ဆီ သိပ်မကြာခင် ပြန်လည်တက်ရောက်လာနိုင်လိမ့်မယ်လို့ ယုံကြည်မှုတိုးပွားလာကြောင်း ဂွါဒီယိုလာက ထပ်လောင်း အသိပေးသွားခဲ့ပါသေးတယ်။
မန်စီးတီးဟာ လက်ရှိကာလအတွင်း အာရှဖလားပွဲနဲ့ အာဖရိကဖလားပွဲ ကစားဖို့ ကစားသမား စေလွှတ်ပေးထားရခြင်း မရှိတဲ့အတွက် ပြိုင်ဘက်တွေထက် နှာတစ်ဖျား အသာစီးရလို့ နေပါတယ်။
ဒီဘရိုင်နေးဟာ ဘောလုံးကွင်းထဲမှာရှိတဲ့ ကျန်ကစားသမားအားလုံးထက် ခေါင်းနဲ့ ပခုံးတွေ ပိုမြင့်တဲ့သဘောမျိုး ကစားပြနေတာကို မြင်ရတယ်လို့လည်း ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။
“ဒီဘရိုင်နေးကို ကြည့်နေရတာက ယူ-၁၂ လိဂ်ကို အသက် ၂၀ အရွယ် ကစားသမားတစ်ယောက် လာကစားပြနေတာနဲ့ အရမ်းကို တူလွန်းပါတယ်။ သူက ဘောလုံးကွင်းထဲမှာရှိတဲ့လူတိုင်းထက် ခေါင်းရော ပုခုံးပါ သာလွန်တဲ့အနေအထားနဲ့ ကစားပြနေသလိုပါပဲ”လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။