ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ မြို့တော် ဆန်တို ဒိုမင်ဂို မှာ ဧပြီ ၈ ရက်နေ့ ညက နိုက်ကလပ် တခုမှာ ခေါင်မိုး ပြိုကျပြီး လူ ၆၆ ဦး သေဆုံး ခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။
ဧပြီ ၈ ရက်နေ့ ညမှာ နာမည်ကြီး အဆိုတော် Rubby Pérez ဖျော်ဖြေနေစဥ် ခေါင်မိုးပြိုကျမှုဖြစ်စဉ်ဖြစ်ခဲ့တာဖြစ်ပြီး အဆိုတော်လည်း အပျက်အစီး တွေ အောက် ပိတ်မိနေခဲ့သလို သေဆုံးသူတွေထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်သူ မေဂျာလိဂ် ဘေ့စ်ဘော ကစားသမား ဟောင်း Octavio Dotel ပါဝင်ပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေး သမား ၄၀၀ လောက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေကြပြီး သေဆုံးသူ အရေအတွက်က ပိုများလာဖို့ရှိနေတယ်လို့ သိရပါတယ်။
Ref;BBC
#mercury#mercurynews#နိုင်ငံတကာသတင်း#ဒိုမီနီကန်