————————————–
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၂၀)ရက်
ထွန်းထွန်းမင်းရဲ့ လက်ဝှေ့ချန်ပီယံခါးပတ်ကျပ်သိန်း(၅၀၀)ဖြင့်လေလံအောင်ခဲ့ပြီး ရေဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်သွားလှူသွားဖို့ ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော့်ရဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာချံပီယံ ခါးပတ်ကိုအမည်မဖေါ်လိုသူ ရိုးရာလက်ဝှေ့ဝါသနာရှင် တဦးမှ သိန်း (၅၀၀) ကျပ်ဖြင့် လက်ဝယ်ရရှိခဲ့ပါတယ်။အခုရရှိတဲ့ ငွေကြေးအားလုံးကို မူလအစီအစဉ်အတိုင်း တပြားမကျန် ရေဘေးသင့်ခံမိဘပြည်သူများဆီသို့ ကျွန်တော့်ပြိုင်ပွဲပြီးဆုံးချိန်နောက်ရက်မှာ သွားရောက်ကူညီလှူဒါန်းပါမယ်”လို့ ထွန်းထွန်းမင်းက ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတွေရေဘေးအခက်အခဲတွေနဲ့အကူအညီ လိုအပ်ချက်တွေကူညီဖို့ ရည်ရွယ်ပြီး ထွန်းထွန်းမင်းရဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံ ခါးပတ်အား ပြည်တွင်းမှ မြန်မာလူငယ်ပညာရှင် တွေမွေးထုတ်ပေးနေသော နည်းပညာကောလိပ် တစ်ခုမှ ကျပ်သိန်း ၃၇၀၊ ရန်ကုန်မြို့M.S.T Collegeမှ ကိုအောင်ဇော်မြင့်ကအမြင့်ဆုံး သိန်း၄၀၀ အထိပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ထွန်းထွန်းမင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။