—————————————–
၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၉)ရက်
အခုရက်ပိုင်းအတွင်းမှာ ထူးခြားမိုးလေဝသဖြစ်စဉ်ဖြစ်ပေါ်ဖို့ရှိတဲ့အတွက် အခါလွန်မိုးပြန်ရွာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိရေပြန်မကျနိုင်သေးတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်ဒေသအချို့မှာ မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးရေချိန်များမှာ မဟုတ်ဘူးလို့ခန့်မှန်းထားပါတယ်။
ထူးခြားမိုးလေဝသဖြစ်စဉ်အနေနဲ့ နောက်လာမယ့် ၃ ရက်ခန့်(၇၂ နာရီ ဝန်းကျင်)၊ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ အာရေဗျပင်လယ်ဘက်မှာ မုန်တိုင်း ၁ လုံး ဖြစ်ပေါ်နိုင်ပြီး၊အောက်တိုဘာလ ၁၅-၁၆ ရက်ဝန်းကျင်၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
အဲ့ဒီထူးခြားမိုးလေဝသဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိသလောက်နည်းပါးနိုင်ပြီး မိုးလွန်ကာလမိုး(အခါလွန်မိုး) အနည်းငယ်ရွာသွန်းနိုင်သော်လည်း မိုးအများဆုံးရွာနိုင်မည့်ဒေသမှာပင် ၂၄ နာရီအတွင်း အများဆုံး ၁၃ မီလီမီတာခန့်(လက် မဝက်ခန့်)မှ ၂၀ မီလီမီတာ(၀.၈ လက်မခန့်)သာ ရွာနိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။