——————————————
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂)ရက်
ထိုင်းဗီဇာရဖို့ E-Visaလျှောက်မယ့် မြန်မာနိုင်ငံသားတွေမှာ မျိုးရိုးနာမည်မှန်အောင်ဖြည့်မှ E-Visaရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ သိရပါတယ်။
မြန်မာနိုင်ငံသားတွေဟာ မျိုးရိုးအမည် “family name” မရှိသောကြောင့် မိမိအမည်အပြည့်အစုံကို “First name” နေရာမှာသာဖြည့်ဖို့ဖြစ်ပြီး “Family name “နေရာကို အလွတ်ထားဖို့ ညွှန်ကြားထားပါတယ်။
တကယ်လို့ ညွှန်ကြားချက်ကို မလိုက်နာပါက အီးဗီဇာလျှောက်ထားမှု ငြင်းပယ်ခံရမှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်(၇)ရက်တွေအတွက် အီးဗီဇာလျှောက်ထားခဲ့ပြီး အီးဗီဇာကြေးပေးသွင်းရန်နံပါတ်ရရှိပြီးသူတွေဟာ ဖောင်မှာ မိမိအမည်ကို ရှေ့နောက်မှားယွင်းဖြည့်သွင်းမိထားပါက ဖောင်အသစ်ကိုပြန်လည်ဖြည့်သွင်းနိုင်ဖို့ သံရုံးကခွင့်ပြုပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ပြန်လျှောက်မယ့်သူတွေအနေနဲ့ လျှောက်လွှာနံပါတ် Request No. အသစ်ကို မူလကရရှိထားသော အီးဗီဇာကြေးပေးသွင်းရန်နံပါတ် E-visa payment reservation No.နဲ့အတူ တွဲဖက်အသုံးပြုရမှာဖြစ်တယ်လို့ သံရုံးကဖော်ပြထားပါတယ်။