ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ့်ဖာလောင်ခရိုင်မှာ သံသယရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး မူယစ်ဆေးဝါးသယ်ဆောင်လာသူ ကယ်ရီ ၁၃ ယောက် ေ..—–သဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဒီဇင်ဘာ ၁၇ ရက် ညက ဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့ ထိုင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပ-….စ်ခ-….တ်မှုအတွင်း ကယ်ရီတွေ ေ..—-သဆုံးသွားတာလို့ ယူဆရကြောင်း ထိုင်း The Nation သတင်းက ရေးသားထားပါတယ်။
အဲ့ဒီညရဲ့ ၇ နာရီအချိန်လောက်မှာ မြန်မာနယ်စပ်ဘက်ကနေ ကျောပိုးအိတ်ကိုယ်စီလွယ်ထားတဲ့ အမျိုးသားတစ်စု ထိုင်းဘက်ကိုဝင်လာတာကို Pha Muang အထူးတပ်ဖွဲ့ရဲ့ ရွေ့လျားတပ်စုက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ရီသမားတွေကို ရပ်တန့်ဖို့နဲ့ အထောက်အထား စာရွက်စာတမ်းတွေပြသဖို့ ထိုင်းစစ်သားတွေက ပြောဆိုခဲ့ချိန်မှာ ကယ်ရီသမားတွေက ထိုင်းစစ်သားတွေကို စတင်ပ-…..စ်ခ-….တ်ခဲ့တယ်လို့ သိရှိရပါတယ်။
ထိုင်းစစ်သားတွေက တုန့်ပြန်ပ-….စ်ခ-….တ်ခဲ့ကြပြီး နှစ်ဘက် ထိတွေ့ပ-…စ်ခ-…တ်မှုဟာ အချိန်အားဖြင့် ၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
နောက်တစ်နေ့ မနက် ၁၁ နာရီလောက်မှာ အလေ-…ာင်း ၁၁ လေ-….ာင်းကို စစ်သားတွေက တွေ့ရှိခဲ့ကြပြီး အခင်းဖြစ် ဧရိယာတစ်ဝိုက်မှာ နောက်ထပ်နှစ်နာရီလောက်ကြာအောင် ပိုက်စိပ်တိုက်စစ်ဆေးပြီးတဲ့နောက် နောက်ထပ် အလေ-ာင်း ၂ လေ-ာင်း ထပ်တွေ့ခဲ့ကြကြောင်း သိရပါတယ်။
ထိုင်းစစ်သားတွေဟာ အခင်းဖြစ်ဧရိယာမှာ ကျောပိုးအိတ် ၁၃ လုံးကျော်လောက်ကို တွေ့ရှိခဲ့ကြပြီး အဲ့ဒီအိတ်တွေထဲမှာ ဘာတွေပါတယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေဘက်ကနေ သတင်းမထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။
Ref: The Nation
Photos- Khaosod