Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းအခြေစိုက်Miss Grand Internationalအဖွဲ့အစည်းနှင့်အိန္ဒိယMiss Grand Indiaအဖွဲ့တို့လမ်းခွဲ

‌———————————

၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၂၀)ရက်

ထိုင်းအခြေစိုက်Miss Grand International (MGI)အဖွဲ့အစည်းကြီးနဲ့ Miss Grand India အဖွဲ့အစည်းတို့ လမ်းခွဲလိုက်တယ်လို့ သိရပါတယ်။

ရပ်တည်ချက်ချင်းမတူလို့MGI နဲ့ ဆက်သွယ်ဆောင်ရွက်မှု ဖြတ်တောက်ရပ်ဆိုင်းလိုက်ပြီလို့ နိုဝင်ဘာ ၁၇ ရက်ကMiss Grand Indiaအဖွဲ့အစည်းက သတင်းထုတ်ပြန်လိုက်တာပါ။

Miss Grand International 2024 ပွဲမှာMiss Grand Indiaဖြစ်တဲ့ အိန္ဒိယမယ် ရေချယ်က သရဖူဆောင်းခဲ့တာဖြစ်ပြီး သရဖူဆောင်းချိန်မှစကာMiss Grand International (MGI)တည်ထောင်သူမစ္စတာနပ်ဝပ်က အိန္ဒိယအလှမယ်ကို ကုန်ပစ္စည်းတွေဆက်တိုက် ရောင်းခိုင်းပြီးနောက်အခုလို လမ်းခွဲကြောင်း သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။