Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းသံရုံးကို လာပြီး မြန်မာလူငယ်တွေ ဗီဇာလျှောက်မှု မြင့်တက်လာ၊ စစ်မှုထမ်းဥပဒေကို ရှောင်ရှားနိုင်အောင် အခုလို လုပ်လာကြတာဖြစ်

ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးမယ်လို့ ကြေညာလိုက်ပြီးနောက်မှာ နိုင်ငံခြားထွက်ခွာဖို့ကြိုးစားလာတဲ့ မြန်မာလူငယ်အရေအတွက် အရမ်းများပြားလာနေပြီး ထိုင်းသံရုံးကို လာရောက်ပြီး ဗီဇာလျှောက်သူအရေအတွက်ဟာ အရင်တုန်းကထက် ၁၀ ဆ ပိုသလောက်ရှိလာတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ရေးသားလိုက်ပါတယ်။

အရင်တုန်းက တစ်ရက်ကို ဗီဇာလျှောက်တဲ့သူ ၁၀၀ တောင် မပြည့်ခဲ့တဲ့ ထိုင်းသံရုံးမှာ ပြီးခဲ့တဲ့အပတ် သောကြာနေ့တုန်းက ဗီဇာလာလျှောက်တဲ့လူဦးရေဟာ ၁,၀၀၀ နဲ့ ၂,၀၀၀ ကြားအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်က ၃၅ နှစ်အထိအမျိုးသားနဲ့ အသက် ၁၈ နှစ်က၂၇ နှစ်အထိအမျိုးသမီးတွေဟာ စစ်မှုထမ်းဆောင်ဖို့ အကျုံးဝင်နေပြီး ၂ နှစ် တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။

တိုင်းပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ စစ်မှုထမ်းဥပဒေကို ကျင်သုံးဖို့လိုအပ်လာတဲ့အတွက် ပြဌာန်းလိုက်ရတာဖြစ်တယ်လို့ နစက အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပါတယ်။

စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့တာဖြစ်ပေမယ့် အတည်ပြုကျင့်သုံးရခြင်း မရှိသေးဘဲ အခု နစက လက်ထက်မှာတော့ ဧပြီလကနေ စတင်ကာ ကျင့်သုံးတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။