၂၀၂၄ ဩဂုတ်လ ၁၄ရက်
ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရီသာ သာဗီဆင် ကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးမှ ယနေ့မှာ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းကြေညာလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် ကို နိုင်ငံရေးကျင့်ဝတ်ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် ဟာ လက်ရှိရာထူးတာဝန်ကို တစ်နှစ်ခန့်သာ ထမ်းဆောင်ရသေးချိန်မှာ အခုလိုထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။