Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်းမှာ မြန်မာလုပ်ငန်းရှင်ကို သ..—-တ်ဖြတ်သွားသူတွေဟာ စကော့လူမျိုးတွေ မဟုတ်ဘဲ ကင်မရွန်းနိုင်ငံသားများဖြစ်နေ၊ လက်ရှိမှာ စင်ကာပူကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆို

မြန်မာလုပ်ငန်းရှင်ကို သ…—တ်ဖြတ်ပြီး ဘတ်ငွေငါးသန်းကို ယူသွားတဲ့သူတွေက အစောပိုင်းမှာ သံသယရှိခဲ့သလိုမျိုး စကော့လူမျိုးနှစ်ဦး မဟုတ်ဘဲ ကင်မရွန်းနိုင်ငံသား ၂ ဦး ဖြစ်နေတယ်လို့ စုံစမ်းသိရှိရကြောင်း ထိုင်းသတင်းမီဒီယာတွေက အသိပေးလိုက်ပါတယ်။

လက်ရှိမှာတော့ အဲဒီတရားခံ ၂ ယောက်ဟာ စင်ကာပူကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း သတင်းကြားသိရပါတယ်။

မြန်မာစီးပွားရေးလုပ်ငန်းရှင်ဟာ ဘန်ကောက်မြို့ဆီက ကွန်ဒိုအဆောက်အအုံရဲ့ ၂၃ ထပ်မြောက်အခန်းထဲမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အသ…—-တ်ခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီ အသ—…..တ်ခံလိုက်ရသူ စီးပွားရေးလုပ်ငန်းရှင်ဆီကနေ ဘတ်ငွေငါးသန်းကိုယူဆောင်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ ကင်မရွန်း ၂ ယောက်က စင်ကာပူကို ထွက်ပြေးသွားကြတာလို့ သိရှိရပါတယ်။

လူသ—…တ်တရားခံနှစ်ယောက်ဟာ ကင်မရွန်းနိုင်ငံသားတွေဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ဝီလျံ (ခေါ်) ရော်ဘင်ဆန်ဆာဟားစ်နဲ့ အသက် ၃၆ နှစ်အရွယ် ဗစ်ဆီယိုဒီလော့ဒ်မန်ဂိုင်းကမ်ဆိုသူတွေဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားအသွင်နဲ့ ထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့ကြကာ ဆာသုန်ခရိုင်ရဲ့ သွန်မာဟာမက်နယ်မြေမှာရှိတဲ့ တိုက်တန်းလျားတစ်ခုမှာ နေထိုင်ခဲ့ကြသူတွေလို့ ထိုင်းစုံထောက်တွေက စုံစမ်းသိရှိထားပြီဖြစ်ပါတယ်။

အသ—….တ်ခံလိုက်ရတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်ဟာ ဖေဖော်ဝါရီ ၇ ရက်ကမှ အဲ့ဒီတိုက်ခန်းကို ရောက်ရှိလာခဲ့ပြီး ထိုင်းနိုင်ငံဆီကို မကြာခဏလာရောက်တတ်သူ၊ ဘန်ကောက် – ရန်ကုန်နဲ့ ဘန်ကောက် – ဟနွိုင်းတို့ကို သွားခဲ့ဖူးသူလို့ ဆိုပါတယ်။

လက်ရှိမှာတော့ လူသ…–တ်မှုကျူးလွန်ခဲ့တဲ့ ကင်မရွန်းနိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးရမိဖို့အတွက် ထိုင်းရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) နဲ့ ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။