၂၀၂၄၊အောက်တိုဘာလ၊၂၈ရက်
ထိုင်းနိုင်ငံ၊ ကဘင်ဘူရီခရိုင်၊ ပရာချင်ဘူရီမြို့နယ်ရဲ့ ဘိုတွန်စက်မှုဇုန်ထဲမှာရှိတဲ့ ဓာတုစက်ရုံမှာ ပေါက်ကွဲမှုတစ်ခုကြောင့် မြန်မာလုပ်သား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်မနက်ခင်းမှာ ဓာတုဆေးကန်ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ဆေးကန် အဖုံးမှာ ရပ်နေသူ လုပ်သားနှစ်ဦး ကန်ထဲ ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။
ေ-သဆုံးသူနှစ်ဦးဟာ မွန်ပြည်နယ်၊ ဘီးလင်းဇာတိ အသက် ၃၀ ကျော်အရွယ် ကိုသက်ဝေဆိုသူဖြစ်ပြီး နောက်တစ်ဦးကတော့ ပဲခူးမှာနေထိုင်သူ ကိုမင်းအောင်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ -BBC