ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ ဟာ ထိုင်းဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် ထိုင်းနာမည်ကြီး မွေထိုင်းလက်ဝှေ့မယ် ဖရာဆင်ဂါနဲ့ ထိုးသ..—တ်ခဲ့တဲ့ဗိုလ်လုပွဲမှာ ပထမအချီမှာတင် အလဲထိုးနဲ့ပွဲဖြတ်ပြီး ထိုင်းဘုရင့်ဖလားကို ၂ နှစ်ဆက် ဆွတ်ခူးသိမ်းပိုက်သွားခဲ့ပါတယ်။
ဖရာဆင်ဂါ ဟာ ဗရော်နီကာကို လွန်ခဲ့တဲ့ ၂ လတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ စိန်ခေါ်ပွဲမှာ ရှုံးနိမ့်ဖူးတာကြောင့် ဒီပွဲအတွက် သေသေချာချာ ပြင်ဆင်ထားခဲ့ပေမယ့် တကယ်ထိုးသ..—–တ်တဲ့အချိန်မှာ ဘယ်လိုမှယှဉ်နိုင်ခြင်း မရှိခဲ့ဘဲ အလဲထိုးခံလိုက်ရတာဖြစ်ပါတယ်။
ပထမပွဲချီ အစပိုင်းမှာတင် ဗရော်နီကာရဲ့ရှေ့တည့်တည့်က ခြေကန်ချက်ကြောင့် ဖရာဆင်ဂါဟာ ဖင်ထိုင် ပုံလျက်သား လဲကျသွားခဲ့ပြီး ပြန်ထလာပြီး ထိုးသ…—–တ်တဲ့အချိန်မှာ ဗရော်နီကာက တံတောင်တွေ၊ အားပါပြင်းထန်တဲ့လက်သီးချက်တွေနဲ့ ဆက်တိုက်ဆိုသလို ပွဲကို ဖိအားပေးထိုးသ–…တ်ကာ ဖရာဆင်ဂါကို အလဲထိုးနဲ့ အနိုင်ယူလိုက်တာဖြစ်ပါတယ်။
Thai Fight ဗိုလ်လုပွဲမှာ ထိုင်းနာမည်ရ မွေထိုင်းလက်ဝှေ့မယ် ဖရာဆင်ဂါကို ပြတ်ပြတ်သားသား အနိုင်ယူပြလိုက်တဲ့အတွက် ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံဆု၊ ခါးပတ်နဲ့ ဆုဖလားကြီးတို့ကို ဗရော်နီကာက ၂ နှစ်ဆက် သိမ်းပိုက်ခွင့်ရသွားခဲ့ပါတယ်။
ဗရော်နီကာ ဟာ လွန်ခဲ့တဲ့ ၂ လတုန်းက ထိုးသတ်ခဲ့တဲ့ စိန်ခေါ်ပွဲမှာ ဖရာဆင်ဂါကို အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အခုထိုးသ..–တ်တဲ့ Thai Fight ဗိုလ်လုပွဲမှာတော့ လက်ရည်အသာစီးနဲ့ အလဲထိုးပြကာ ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံဆု၊ ခါးပတ်နဲ့ ဆုဖလားကြီးတို့ကို ၂ နှစ်ဆက်တိုက် ထိုက်ထိုက်တန်တန် ဆွတ်ခူးပြသွားခဲ့တာဖြစ်ပါတယ်။