—————————————-
၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၃)ရက်
ထိုင်းဗီဇာကို၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁) ရက်ကစတင်ပြီး e-Visaစနစ်သစ်ဖြင့်သာ လျှောက်ထားရတော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
e-Visa နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထိုင်း e-Visa ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး ဗီဇာလျှောက်ထားမယ့်သူတွေက ပတ်စပို့နဲ့ ဗီဇာလျှောက်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ထိုင်းနိုင်ငံသံရုံးကို လူကိုယ်တိုင် လာရောက်တင်ပြဖို့ မလိုတော့ဘူးလို့ဖော်ပြထားပါတယ်။
e-Visa နဲ့ ဗီဇာလျှောက်လွှာတွေ တင်သွင်းပြီးရင် ဗီဇာကြေးအမေရိကန်ငွေသားကို ချိန်းဆိုထားတဲ့ရက်မှာ ထိုင်းသံရုံး ဗီဇာကောင်တာမှာ မနက် ၉ နာရီကနေ မနက် ၁၁ နာရီခွဲအထိ လာရောက်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
e-Visa စနစ်မှာ ဗီဇာလျှောက်လွှာတွေကို စိစစ်အကဲဖြတ်တဲ့ ကြာချိန်ဟာ (၁၀)ရက်ကနေ(၁၅)ရက်လောက် ကြာမြင့်မှာဖြစ်ပြီး e-Visa နဲ့ ဗီဇာလျှောက်လွှာတွေ တင်သွင်းပြီးရင် ဗီဇာကြေးအမေရိကန်ငွေသားကို ချိန်းဆိုထားတဲ့ရက်မှာ ထိုင်းသံရုံး ဗီဇာကောင်တာမှာ မနက် ၉ နာရီကနေ မနက် ၁၁ နာရီခွဲအထိ ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
e-Visa စနစ်အပြောင်းအလဲလုပ်တာတွေပြင်ဆင်ဖို့ ဒီဇင်ဘာလ (၂၅)ရက်ကနေ (၃၁) ရက်အထိ ဗီဇာလျှောက်လွှာတွေကို ထိုင်းကောင်စစ်ဝန် ဝက်ဘ်ဆိုဒ်မှာလက်ခံတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။