၂၀၂၄၊စက်တင်ဘာလ၊၃ရက်
ထိုင်းနိုင်ငံရဲ့ တရားမဝင်အလုပ်သမား တိုက်ဖျက်ရေး စတင်ခဲ့တဲ့ ဇွန်လ ၅ရက်နေ့ကနေစတင်ပြီး ဩဂုတ်လ ၂၈ရက်နေ့အတောအတွင်းမှာ တရားမဝင် မြန်မာအလုပ်သမား ၁၇၀၀၀၀ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ The Nation Thailandသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေက အလုပ်နေရာစုစုပေါင်း ၁၆၇၇၆ ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ တရားမဝင်အလုပ်သမား စုစုပေါင်း ၂၃၂၉၀၆ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အဖမ်းခံခဲ့ရတဲ့ တရားမဝင်အလုပ်သမားတွေထဲမှာ မြန်မာ၁၇၇၈၀၄ဉီး ပါဝင်ပြီး ဗီယက်နမ်နိုင်ငံသား၁၄၅ဦး၊လာအိုနိုင်ငံသား၁၃၄၈၂ဦး၊ကမ္ဘောဒီးယားနိုင်ငံသား၃၄၆၂၀ဦးနဲ့ အခြားနိုင်ငံသား ၆၈၅၅ဦး ပါဝင်တယ်လို့ The Nation Thailandသတင်းဌာနမှာ ဖော်ပြထားတာဖြစ်ပါတယ်။