၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၄)ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ငလျင်ကြောင့် တိုက်ပြိုကျသည့်ထဲကရု၊ပ်အ၊လောင်း (၅၃)လောင်းရရှိထားတဲ့ထဲမှာ မြန်မာရုပ်အလောင်း(၃၄)လောင်းပါဝင်တယ်လို့ BBC Burmese သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ချက်တူချက်အဆောက်အဦအောက်ကနေ ရု၊ပ်အလောင်း ၅၃ ေ-လာင်း ရရှိထားပြီး မြန်မာ ၃၄ ၊ေလာင်းပါဝင်တယ်လို့ အလုပ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ Worker Alliance Group (WAG) ထံက ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ဖော်ပြထားတာဖြစ်ပါတယ်။
လတ်တလောမှာတော့ ရု၊ပ်အ၊လောင်းရရှိထားတဲ့ မြန်မာတွေထဲက အယောက် ၂၀ ကျော်သာ မိသားစုဝင်တွေနဲ့ မျိုးရိုးဗီဇ (DNA) တိုက်ဆိုင်စစ်ဆေးကာ မည်သူမည်ဝါဖြစ်တယ်လို့ ဖော်ထုတ်ထားနိုင်တယ်လို့ သိရပါတယ်။
ထိုင်းစာရင်းစစ်ချုပ်ရုံးပြိုကျမှုတွေအတွက် ထိုင်းအာဏာပိုင်တွေက အရှိန်မြှင့်စုံစမ်းဖော်ထုတ်ဖို့လည်း ဝန်ကြီးချုပ်ပေထုန်တန်က မနေ့က အစိုးရအစည်းအဝေးမှာ ညွှန်ကြားခဲ့ပါတယ်။
ဆောက်လုပ်ရေးတာဝန်ယူခဲ့တဲ့ တရုတ်ဆောက် လုပ်ရေးကုမ္ပဏီတာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#mercury#mercurynews#ထိုင်း#နိုင်ငံတကာသတင်း