Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထရမ့်အစိုးရ ဟားဘတ်တက္ကသိုလ်မှ ဒေါ်လာ(၁)ဘီလီယံပိုဖြတ်ရန်စီစဉ်နေ

———————————————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၁)ရက်

တင်းမာမှုတွေကြီးထွားလာပြီးနောက် Trump အစိုးရဟာ Harvard တက္ကသိုလ်မှဒေါ်လာ ၁ ဘီလီယံပိုမိုဖြတ် တောက်ဖို့စီစဉ်နေတယ်လို့ CNNသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

ထရမ့်အစိုးရနဲ့ဟားဘတ်တက္ကသိုလ်အကြားအဖွဲ့အစည်းဆိုင်ရာကြီးကြပ်မှုနဲ့ လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ပြင်းထန်ပြီးလောင်းကြေး မြင့်မားတဲ့တိုက်ပွဲတွေကြားမှာ ဖက်ဒရယ်ထောက်ပံ့ကြေးနဲ့ စာချုပ်စာတမ်းတွေအတွက် နောက်ထပ်ဒေါ်လာ ၁ ဘီလီယံကို ဟားဗတ်တက္ကသိုလ်မှ ထုတ်ယူဖို့ စီစဉ်နေတယ်လို့The Wall Street Journalကဖော်ပြခဲ့တယ်လို့CNNသတင်းဌာန မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ၊ Trump အုပ်ချုပ်ရေးဟာ Harvard မှအုပ်ချုပ်ရေးရဲ့ မူဝါဒတောင်းဆိုချက်တွေကို လိုက်နာမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက်နှစ်ရှည်ထောက်ပံ့ငွေဒေါ်လာ (၂.၂)ဘီလီယံနဲ့ နှစ်ရှည်စာချုပ်တန်ဖိုးဒေါ်လာသန်း(၆၀) ကိုရပ်ဆိုင်းထားမယ်လို့ ကြေငြာခဲ့ထားတာဖြစ်ပါတယ်။

ဟားဗတ်ကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအဖြစ် အခွန်ကောက်ခံဖို့နဲ့ ၄င်းရဲ့ အခွန်ကင်းလွတ်ခွင့် အခြေအနေကို ဖယ်ရှားရန် အင်္ဂါနေ့အစောပိုင်းမှာ သမ္မတ ‌ဒေါ်နယ်ထရန့်က ခြိမ်းခြောက် တွန်းအားပေးခဲ့သလို အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ် (Karoline Leavitt) က ကောလိပ်ကျောင်းတွေမှာ ဂျူးကိုးကွယ်ယုံကြည်မှုကို တားဆီးဖို့ ပျက်ကွက်မှုဖြင့် အုပ်ချုပ်ရေးရဲ့ လုပ်ဆောင်ချက်ကို ဝေဖန်ထားတယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ

သိရပါတယ်။

Photo Credit -CNN

#mercury#mercurynews#နိုင်ငံတကာသတင်း#ပြည်တွင်းသတင်း

May be an image of 9 people and bell tower