Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထက်ထက်မိုးဦးဆိုတဲ့နာမည်နဲ့အစပြုချိန်မှာ ဇာတ်ကားတွေရိုက်ကူး တွဲခေါ်ပေးခဲ့သူ သရုပ်ဆောင် ထက်ရှား

မှုံရွှေရည်ကနေ ထက်ထက်မိုးဦးလို့ နာမည်ပြောင်းတာကို လက်ခံပေးပြီး ထက်ထက်မိုးဦးနာမည်နဲ့ ပထမဆုံး ၅ ကားကို ရိုက်ကူးပေးကာ တွဲခေါ်ပေးခဲ့သူ သရုပ်ဆောင် ထက်ရှား
—————-
“အဲ့ဒီတုန်းက ရှုတင်မန်နေဂျာက လာပြောတယ်။ မင်းသား…သူက မှုံရွှေရည် တဲ့။ ကျွန်တော်ကလည်း ဪ…အေး၊ အေး…မဆိုးပါဘူး။ မှုံရွှေရည်က ကောင်းပါတယ်လို့ ပြန်ပြောခဲ့တယ်။ အဲ့ဒီမှာ ရှုတင်မန်နေဂျာက မဟုတ်ဘူး…မင်းသား၊ မင်းသားနဲ့ စရိုက်တဲ့ကားမှာ သူ့ကို ထက်ထက်မိုးဦးလို့ နာမည်ပြောင်းချင်တယ်တဲ့။ ကျွန်တော်က အေး…ထက်ထက်မိုးဦးဆိုတဲ့နာမည်လည်း ကောင်းတာပဲ၊ အဲ့ဒီလိုဆိုလည်း ပြောင်းလိုက်ပေါ့လို့ ပြန်ပြောလိုက်တယ်။ အဲ့ဒါနဲ့ ကျွန်တော်နဲ့ ထက်ထက်မိုးဦးနဲ့ ၅ ကားပေါ့။ သူ့ကို စပြီး လက်တွဲခေါ်ဖြစ်သွားတယ်ပေါ့။ ကျွန်တော်နဲ့ အဲ့ဒီလို ၅ ကား ရိုက်ပြီးချိန်မှာပဲ သူ့ Demand က ကောင်းလာတယ်။ အရမ်းကို အောင်မြင်သွားတယ်။ တစ်နိုင်ငံလုံး မဟုတ်ဘူး၊ တခြားနိုင်ငံတွေအထိပါ နာမည်ကြီးသွားရော” – ထက်ရှား (သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ထက်ရှား #HtetSharr #Actor #ထက်ထက်မိုးဦး #Actress #မှုံရွှေရည် #နာမည် #Name #ဇာတ်ကားရိုက်ကူး #ရှုတင်မန်နေဂျာ #Acting #Celebrity #Celebrities #Yangon #Myanmar