Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တေးသံရှင်ကြီး မာမာအေး အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်

ကဗျာတွေ၊ သီချင်းတွေကို လေးမာ ဆိုတဲ့ ကလောင်နာမည် အသုံးပြုကာ (ဒေါ်)မာမာအေးက ရေးဖွဲ့ခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ တေးသံရှင် (ဒေါ်)မာမာအေးက အသက် ၈၁ နှစ်အရွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။

မြန်မာဂန္ထဝင်တေးသံရှင်ကြီးတစ်ယောက်ဖြစ်တဲ့ တေးသံရှင် (ဒေါ်)မာမာအေး ဟာ အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရှိရပါတယ်။

(ဒေါ်)မာမာအေးဟာ အမေရိကန်ပြည်ထောင်စုစံတော်ချိန် ဇန်နဝါရီလ ၈ ရက် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်(မြန်မာစံတော်ချိန် ဇန်နဝါရီလ ၉ ရက်၊ မနက် ၅ နာရီ ၅၈ မိနစ်)မှာ ကွယ်လွန်သွားခဲ့တယ်လို့ သတင်းကြားသိရပါတယ်။

(ဒေါ်)မာမာအေးဟာ ၁၉၅၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သက်တန့်ပေါ်မှာ ကစားမယ် သီချင်းနဲ့ ထင်ပေါ်ကျော်ကြားလာခဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

မြခြူသံ၊ သူ့ကိုမှ ချစ်သည်၊ မန်ဒါလီ စတဲ့ ရုပ်ရှင်ကားတွေမှာ (ဒေါ်)မာမာအေးက ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

(ဒေါ်)မာမာအေး ဟာ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူးအဖြစ် မြန်မာ့အသံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်၊ ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင် စတဲ့ရာထူးတွေနဲ့ တာဝန်ယူလုပ်ကိုင်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

1