၂၀၂၄ ဩဂုတ်လ ၁၅ရက်
ဒီနေ့ သြဂုတ်လ(၁၅)ရက်နေ့ကစတင်ပြီးတေးသီချင်းမူပိုင်ခွင့်စနစ်သစ်ကိုစတင်ကျင့်သုံးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေအသိပေးထုတ်ပြန်ထားပါတယ်။
ဒီမူပိုင်ခွင့်စနစ်သစ်အရ ရုပ်ရှင်လောကသား၊ရုပ်ရှင်ဖန်တီးထုတ် လုပ်သူတွေအနေနဲ့မိမိတို့ရိုက်ကူးထုတ်လုပ်ပြသမယ့်ရုပ်ရှင်ဇာတ်ကား၊ဇာတ်လမ်းတွဲ၊ဇာတ်လမ်းတို၊ကြော်ငြာ၊MTVတွေ ဆင်ဆာတင်တဲ့အခါအသုံးပြုထားတဲ့တေးသီချင်းတွေမူပိုင်ခွင့် ခွင့်ပြုချက်ရရှိတဲ့ အထောက်အထားကိုတင်ပြရမှာဖြစ်တယ်လို့ဆိုပါတယ်။
ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေအနေနဲ့ တေးသီချင်းမူပိုင်ခွင့် ခွင့်ပြုချက်ရယူတဲ့အခါမှာ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ရဲ့ပြောင်းလဲကျင့်သုံးမယ့်စနစ်နဲ့ ကိုက်ညီမှုရှိစေဖို့အတွက် မြန်မာနိုင်ငံဂီ အစည်းအရုံး(ဗဟို)ကိုဆက်သွယ်အကူအညီတောင်းခံပြီးမှ ဆင်ဆာတင်ကြဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကထုတ်ပြန်ဖော်ပြထားပါတယ်။