Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်_မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေကို ရောက်ရှိလာ

၂၀၂၄၊အောက်တိုဘာလ၊၁၅ရက်

မြောက်ကိုရီးယားနိုင်ငံက နယ်စပ်မှာ စစ်သားတွေ စေလွတ်ပြီး တိုက်ခိုက်ဖို့ အသင့်အနေအထား အမိန့်ပေးထားတယ်လို့ အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီနောက်မှာတောင်ကိုရီးယားစစ်တပ်ကလည်း တင်းမာလာတဲ့ အခြေအနေကို အပြည့်အဝတုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ အောက်တိုဘာ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားဟာ ပြုံယမ်းမြို့တော်ပေါ်ကို ဝါဒဖြန့်စာစောင်တွေကြဲဖို့ ဒရုန်းတွေစေလွှတ် ပျံသန်းခဲ့ပြီး နောက်ထပ် ဒရုန်းများကို တွေ့ရင် စစ်ကြေညာမှုအနေနဲ့သတ်မှတ်သွားမှာဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တောင်ကိုရီးယားစစ်တပ်ဘက်ကတော့ အဆိုပါဒရုန်းတွေကို လွှတ်တင်ခဲ့ခြင်းမရှိဘဲ တခြား တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက လွှတ်တင်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။