Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ငူမြို့၊အနိမ့်ပိုင်းရပ်ကွက်များ စစ်တောင်းမြစ်ရေ မြင့်တက်လာသည့်အတွက် အရေးပေါ် ပြောင်းရွှေ့မှုများပြုလုပ်နေရ

———————————————————————————————————–

၂၀၂၄ခုနှစ်၊သြဂုတ်လ၊(၂၈)ရက်

တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိလာတဲ့အတွက် အရေးပေါ်ပြောင်းရွှေ့မှုတွေ ပြုလုပ်နေရတယ်လို့တောင်ငူအခြေစိုက် ပရဟိတအသင်းတွေထံမှ သိရပါတယ်။

သြဂုတ်လ(၂၇)ရက်ညပိုင်းကစလို့ စစ်တောင်းမြစ်ရေအရမ်းတက်လာတဲ့အတွက် မြစ်ကမ်းအနီးရှိအနိမ့်ပိုင်းမှာ ရေကြီးမှုတွေဖြစ်ပေါ်ပြီး ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို တောင်ငူပရဟိတအသင်းတွေက ကူညီကယ် ဆယ်ရေးတွေလုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

‘‘မြစ်ရေကလည်းတက်လာတယ်။ဆွာဆည်ကလည်းကျော်နေတဲ့ ရေလွှတ်ဖို့ရှိတဲ့အတွက်တောင်ငူရပ်ကွက် (၈)(၉)(၁၀)နဲ့ စစ်တောင်းမြစ်ဘေးမှာရှိတဲ့ကျေးရွာတွေ အချိန်မီရွေ့ပြောင်းဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ တောင်ငူပရဟိတအသင်းတွေကလည်း‌ရွေ့ပြောင်းပေးနေပါတယ်”လို့ မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့ S.RESCUEအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

တောင်ငူမြို့မှာ လတ်တလောသြဂုတ်လ(၂၈)ရက်မှာ ရေဘေးသင့်သူတွေအတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပေါ်တော်မူဘုရား၊ အုတ်ကျွန်း(၁)မူကြိုကျောင်း၊အ.ထ.က(၆)ကျောင်းတို့မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။