၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၂)ရက်
စစ်တောင်းမြစ်ရေကြီးနေတဲ့အတွက် တောင်ငူမှာရေဘေးသင့်သူ(၁)သိန်းကျော်ခန့်ရှိတယ်လို့ တောင်ငူအခြေစိုက်Save The Trees Recuse Teamလူမှုကူညီရေးအဖွဲ့မှသိရပါတယ်။
တောင်ငူရှိကျေးရွာ(၂၀)ကျော်၊ရပ်ကွက်(၈)(၉)(၁၀)(၁၁)(၁၂)ရပ်ကွက်တွေမှာရေကြီးနေတာဖြစ်ပါတယ်။
‘‘ရွာဘက်တွေဆိုရင်တော့ သဖန်းပင်၊မြတောင်၊ ကမ်းနီအစရှိတဲ့ ကျေးရွာ(၂၀)ကျော်လောက် ရေဘေး သက်ရောက်မှုရှိပါတယ်။
ရပ်ကွက်တွေဆိုရင် (၈)(၉)(၁၀)(၁၁)(၁၂)ရပ်ကွက်တွေမှာရေဘေးသင့်နေပါ တယ်။မိုးများပြီးစစ်တောင်းမြစ်ရေလျှံလို့ဖြစ်ပါတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေကတော့ (၃၀)ကျော် လောက်ဖွင့်ထားပါတယ်” တောင်ငူအခြေစိုက်Save The Trees Recuse Teamလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြထားပါတယ်။တောင်ငူအုတ်တွင်း၊ထန်းတပင်၊ရေတာရှည်ဘက်တွေကို ကယ်ဆယ်ရေးတွေမရောက်သေးလို့ ပိတ်မိသူတွေ များနေတယ်လို့လည်းဖော်ပြထားပါတယ်။
တောင်ငူခရိုင်တစ်ခုလုံးရေဘေးသက်ရောက်မှုတွေရှိနေပြီး ရေကြီးနစ်မြုပ်မှုကြောင့် ရေစီးမှာမျောပါပြီး သေဆုံးသူ(၂)ဦးရှိတယ်လို့သိရပါတယ်။