Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ငူတွင်ယနေ့မနက်ငလျင်လှုပ်၊ဒေသခံများသတိထားမိ

——————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၁၁)ရက်

တောင်ငူမြို့မှာ ဒီကနေ့မနက်ဧပြီလ(၁၁)ရက် မနက်(၉)နာရီ(၀၂)မိနစ်မှာ အင်အားရစ်တာစကေး(၄.၃)အဆင့်ရှိငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

တောင်ငူမြို့အနောက်၊အနောက်မြောက်ဘက်(၁၃)မိုင်ခန့်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ ဒီနေ့မနက်ငလျင်လှုပ်တာနည်းနည်းလေးကြမ်းတယ်။အရင်တုန်းကငလျင်က အကြာကြီးနေမှ တစ်ခါလောက်လှုပ်တာဆိုတော့ သတိမထားမိဘူး။ အခုနောက်ပိုင်းဆက်တိုက်လှုပ်သလိုဖြစ်နေတော့ ငလျင်လှုပ်ပြီဆိုတာနဲ့ကြောက်ပြီးတော့ အိမ်ထဲကနေ ပြေးထွက်နေမိတယ်”လို့ တောင်ငူဒေသခံတစ်ဦးကပြောပါတယ်။

မတ်လ(၂၈)ရက်မှဧပြီ(၁၁)ရက်မနက်ပိုင်းအထိ ငလျင်စုစုပေါင်း(၁၁၆)ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#mercury#mercurynews#တောင်ငူ#ငလျင်#ပြည်တွင်းသတင်း