၂၀၂၄၊နိုဝင်ဘာလ(၁၂)ရက်
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်အထိ အဝေရာကွင်းမှာကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
တောင်ကြီးမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့က စပြီးကျင်းပဖို့ လုပ်ထားပေးမယ့် ရာသီဥတုအပြောင်းအလဲနဲ့ မိုးရွာသွန်းမှုတွေကြောင့် ရက်ကို နောက်ဆုတ်ပြီး ပြောင်းလဲကျင်းပခဲ့တာဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ မီးပုံးပျံညမီးကြီး ယမ်းမီး ၂၆ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၄ လုံး ၊ စုစုပေါင်းအလုံးရေ ၅၀ ၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးခြောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။