Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ဒုတိယအပတ်တွင် ကျင်းပမည်

၂၀၂၄၊အောက်တိုဘာလ၊၂၁ရက်

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ဒုတိယအပတ် ၉ ရက်နေ့က နေ ၁၅ ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက Mercury News ကိုပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကြောင့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်နောက်ပိုင်းရပ်နားထားခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှပြန်လည် စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ရဲ့ နေ့လွတ်ပြိုင်ပွဲ၊ ညလွှတ်ပြိုင်ပွဲ နှစ်ခုနဲ့ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်(၇)ရက်တိုင်တိုင် စီကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့သိရပါတယ်။