Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကြီးတန်ဆောင်တိုင်ကို လူ ၁ သန်းကျော်အထိ ရောက်လာတယ်လို့ ဆို

တောင်ကြီး၊ ဒီဇင်ဘာ ၁

ကိုရိုနာဗိုင်းရပ်စ်ရောဂါစတင်ဝင်ရောက်လာတဲ့ ၂၀၂၀ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲဟာ ဒီနှစ်မှာတော့ ပြန်လည်ကျင်းပခဲ့ပြီး လာရောက်လည်ပတ်ခဲ့တဲ့သူ တစ်သန်းကျော်ရှိတယ်လို့ ရိုးရာမီးပုံးပျံပညာရှင်များအသင်း (ရှမ်း/တောင်) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ နာမည်ကြီး ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ဟာ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၃ နှစ်တိုင်တိုင် ရပ်နားခဲ့ရတာပါ။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ရှမ်းပြည်နယ်က ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်သူတွေလည်း များပြားခဲ့တာဖြစ်ပါတယ်။ မီးပုံးပျံပွဲမှာ ဆုရရှိတဲ့သူတွေကိုတော့ ဒီနေ့ညနေပိုင်းမှာ ဆုချီးမြှင့်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

May be an image of crowd and text