Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကျရေကြောင့် မိုင်းတုံမြို့ရှိ တံတားတစ်စီး ပြိုကျပျက်စီး


16 August 2024

တောင်ကျရေကျဆင်းမှုကြောင့်ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိတံတားအမှတ်(၃/၂၆) 

ပြိုကျပျက်စီးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အဲဒီ့တံတားဟာ မိုင်းတုံ-တာဆန်လမ်း၊ မိုင်တိုင်အမှတ် (၁၄၆/၁၄၇)ကြား၊ နမ့်တုန်ချောင်းသို့ဖြတ်သန်းတည်ဆောက်ထားတဲ့ တံတားတစ်စီးဖြစ်ပြီး ဩဂုတ်လ(၁၅)ရက်မှာ  တောင်ကျရေကြောင့်ပြိုကျပျက်စီးခဲ့ပါတယ်။

အဆိုပါပြိုကျပျက်စီးမှုကို မိုင်းတုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်‌တွေ၊သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ယာယီသွားလာနိုင်ရေးအတွက် ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းတုံ-တာဆန် လမ်းပေါ်ရှိတံတားအမှတ်(၅၊၂၃၅)အနီးရှိလမ်းပိုင်း ၁၀ပေခန့်ပြိုကျပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။