——————————————
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂)ရက်
ကျောက်ဆည်မြို့နယ်၊ဖျောက်ဆိပ်ပင်ကျေးရွာရှိ တောင်လှချောင်းဟာမိုးသည်းထန်ပြီးတောင်ကျ ချောင်းရေစီးဆင်းနေချိန်မှာ မော်တော်ယာဥ်တစ်စီး ရေကျော်လမ်း မှတဆင့် ဖြတ်သန်းခဲ့ရာ ရေစီးနဲ့အတူမျောပါသွားခဲ့တယ်လို့ ကျောက်ဆည်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ထံမှသိရပါတယ်။
အောက်တိုဘာလ (၁)ရက်မှာမျောပါခဲ့တာဖြစ်ပြီးအောက်တိုဘာလ (၂)အချိန်မှာ အဲဒီ့မျောပါသွားတဲ့မော်တော်ယာဥ်ကို တောင်ကျချောင်းရေကျော်ကားလမ်မှ ကိုက် (၁၃၀၀) ခန့်အကွာ ချောင်းရိုးအတွင်းရှိ (၁၅) ပေခန့် အနက်ရှိတဲ့ချိုင့်ခွက်အတွင်းမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မျောပါသွားတဲ့မော်တော်ယာဥ်ကို ဘက်ဟိုးနဲ့ ပြန်လည်ဆယ်တင်နိုင်ခဲ့ပြီး မော်တော်ယာဥ်အတွင်း မှ သေဆုံးလျက်ရှိတဲ့ ယာဥ်မောင်း ရဲ့ ရု-ပ်အ ေ-လာင်းကို ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။