၂၀၂၄၊ဒီဇင်ဘာလ၊၄ရက်
တောင်ကိုရီးယားသမ္မတ Yoon Suk Yeolရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား ပါလီမန်က အရေးပေါ် အစည်းဝေးခေါ်ယူပြီး ပယ်ဖျက်ကြောင်း ကြေညာလိုက်ကာ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။
သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ ပယ်ဖျက်ခံလိုက်ရတာနဲ့ တောင်ကိုရီးယားစစ်တပ်က လည်း ပါလီမန် အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
ဒီဇင်ဘာသုံးရက်နေ့ညပိုင်းမှာ တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမယ့် တောင်ကိုရီးယား လွှတ်တော်က အမတ်ပေါင်း ၃၀၀ မှ လွှတ်တော် မတ် ၁၉၀ က သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို မဲပေးပယ်ဖျက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်တောင်ကိုရီးယားသမ္မတရဲ့ မိခင်နိုင်ငံရေးပါတီဖြစ်သော People Power ပါတီကပင် သမ္မတရဲ့စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ မှားယွင်းကြောင်း၊စစ်အုပ်ချုပ်ရေး အမိန့်ကို အတိုက်အခံ လွှတ်တော်မတ်များနှင့်အတူ တားဆီးသွားမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။
တောင်ကိုရီးယားသမ္မတက ဇနီးသည်ရဲ့ အကျင့်ပျက်ခြစားမှု၊ ဝန်ကြီးတွေရဲ့အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးမှုကို ငြင်းပယ်ခဲ့ပြီး သမ္မတနဲ့ လွှတ်တော်ကြား နိုင်ငံတော်ဘတ်ဂျက်ကို အတည်ပြုရန် သဘောမတူညီမှုများ ဖြစ်ပေါ်လာပြီးတဲ့နောက် သမ္မတက တစ်ဖက်သတ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဖြစ်ပါတယ်။
လက်ရှိမှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကတောင်ကိုရီးယားပါလီမန်ရဲ့ ဆုံး ဖြတ်ချက်ကို လက်ခံသွားမှာဖြစ်ပြီး ယနေ့ နံနက်ပိုင်းမှာဘဲ အစိုးရအဖွဲ့အစည်း ခေါ်ယူကာ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းမှာဖြစ်ကြောင်း ကြေညာလိုက်ရပါတယ်။
#mercury#mercurynews#တောင်ကိုရီးယား#စစ်အုပ်ချုပ်ရေး#နိုင်ငံတကာသတင်း