Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol စုံစမ်းရေးမှူးများထံဖမ်းဆီးခံခဲ့

———————————————————–

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၁၅)ရက်

တောင်ကိုရီးယားသမ္မတ Yoon Suk Yeolဟာ ပြီးခဲ့တဲ့လက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဖြင့် စတင်ခဲ့တဲ့ သီတင်းပတ်ကြာနိုင်ငံရေးဇာတ်ခုံရဲ့ နောက်ဆုံးအခန်းမှာ အဖမ်းခံခဲ့ရတယ်လို့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီရဲ့အဆိုအရ သိရပါတယ်။

Yoonဟာ ဇန်န၀ါရီလ(၁၅)ရက်နေ့မှာ မော်တော်ယာဉ်ဖြင့် စုံစမ်းရေးမှူးတွေနဲ့အတူ သူ့ရဲ့ နေအိမ်ခြံဝင်းမှ ထွက်ခွာခဲ့ပြီး တောင်ကိုရီးယားမှာ သမ္မတတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် အခုကဲ့သို့ အရေးယူခြင်းခံခဲ့ရတာဖြစ်တယ်လို့ CNNသတင်းဌာနကဖော်ပြထားတာဖြစ်ပါတယ်။

အဖမ်းခံရပြီးနောက် Yoonဟာ ၎င်းရဲ့ စုံစမ်းစစ်ဆေးမှုတွေကို “တရားမ၀င်” ဟု ထပ်မံငြင်းဆိုခဲ့ပြီး ‘’ဒီနိုင်ငံမှာ ဥပဒေအားလုံး ပျက်ပြားနေပြီ” လို့ ကြိုတင်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမက်ဆေ့ချ်ကို ထုတ်ပြန်ခဲ့ပါတယ်။

“ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားစီရင်ရေးစနစ်တွေကို အကာအကွယ် ပေးရမယ့် သမ္မတတစ်ယောက်အနေနဲ့ ဒီတရားမဝင် အကျုံးမဝင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို တုံ့ပြန်တာဟာ စွပ်စွဲဖမ်းဆီးသူတွေကို အသိအမှတ်ပြုမှု မဟုတ်ဘဲ ‌ဆန္ဒပြနေတဲ့ပြည်သူတွေသွေးထွက်သံယို မဖြစ်ရအောင် ကာကွယ်ဖို့ မျှော်လင့်ချက်နဲ့ တုံ့ပြန်တာပါ” ဟု ၎င်းက ဖမ်းဆီးခံရတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။

Yoonအဖမ်းခံရချိန်မှာ Yoonကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအုပ်စုနှစ်ရပ်စလုံးဟာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြပြီး အချို့သော ဆန္ဒပြသူတွေဟာ “ရာထူးမှနုတ်ထွက်ရန်” “အချိန်ပြည့်ပြီ” နဲ့“တာဝန်ယူပါ” ဆိုတဲ့ ကြွေးကြော် သံတွေကြွေးကြော်ကြသလို သမ္မတကို ထောက်ခံသူတွေက “တရားမဝင်စွပ်စွဲပြစ်တင်ခြင်း” “လွတ်လပ်ရေး ROK, hurrah!”၊ “ငါတို့အနိုင်ရ!”ဆိုတဲ့ ကြွေးကြော်သံတွေကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

#mercury#mercurynews#တောင်ကိုရီးယား#နိုင်ငံတကာသတင်း

May be an image of 1 person