Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တောင်ကိုရီးယားသမ္မတကိုဖမ်းရန်လာသည့် အဖွဲ့နှင့် သမ္မတလုံခြုံရေးတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံကာ တင်းမာမှုများဖြစ်နေ

၂၀၂၅၊ဇန်နဝါရီလ၊၃ရက်

ပြီးခဲ့တဲ့လက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို ကိုဖမ်းဆီးဖို့ ရဲ (၈၀)ခန့်နဲ့စုံစမ်းစစ်ဆေးရေးမှူးတွေ နေအိမ် ခြံဝင်းအတွင်းသို့ဝင်ရောက်ခဲ့ရာမှ သမ္မတ လုံခြုံရေးအဖွဲ့နဲ့ ထိပ်တိုက်တွေ့တာတွေဖြစ်ခဲ့တယ်လို့ CNNသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်မှုဟာအချိန်အတော်ကြာကြာဖြစ်နေခဲ့ပြီးတောင်ကိုရီးယားသမ္မတကိုဖမ်းဆီးဖို့လာတဲ့ရဲအရာရှိ (၁၂၀)ခန့်နဲ့ CIOစုံစမ်းစစ်ဆေးရေးမှူးအယောက်(၃၀)ခန့် ကိုသမ္မတ လုံခြုံရေးအဖွဲ့ဘက်က ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းဟာ တရားမဝင်တဲ့ အတွက် ဖမ်းဆီးခွင့် လုံးဝမပြုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၃၁)ရက်နေ့က ဆိုးလ် အနောက်ပိုင်းခရိုင်တရားရုံးက သမ္မတ ယွန်းဆက်ယိုကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပေမယ့် သမ္မတ လုံခြုံရေးအဖွဲ့ဘက်က သမ္မတတစ်ဦးဖမ်းဝရမ်းထုတ်တဲ့ နေရာမှာ အခုထက်ပိုပြီး နည်းလမ်းတကျရှိသင့်တယ်လို့ သတ်မှတ်ထားတာကြောင့် ဖမ်းဝရမ်းဟာ တရားမဝင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ ရဲ၊စုံစမ်းစစ်ဆေးရေးမှုးတွေနဲ့ သမ္မတ လုံခြုံရေးအဖွဲ့အချေအတင် ဖြစ်နေသလိုသမ္မတကိုကန့်ကွက်သူတွေနဲ့သမ္မတကိုထောက်ခံသူတွေကြားအငြင်းပွားမှု၊ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။