Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တိုင်ဖွန်းမုန်တိုင်းမှလေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအနှံ့(၂)ရက်တိတိမိုးကြီးရေလျှံမည်

————————————————————————————————

၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၀)ရက်

တိုင်ဖွန်းမုန်တိုင်းမှပြတ်ထွက်လာပြီး မြန်မာနိုင်ငံသို့ရောက်ရှိလာတဲ့လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံအနှံ့မိုးသည်းထန်ဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

စက်တင်ဘာလ(၁၀)ရက်မှ(၁၂)ရက်အထိ အထူးသဖြင့် မန္တလေး၊မကွေး၊နေပြည်တော်စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့မြန်မာနိုင်ငံဒေသအနှံ့မှာ မိုးသည်းထန်ပြီးရေကြီးရေလျှံဖြစ်တာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။