ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ နီကိုးလက်စ်ဂျက်ဆင်နဲ့ ကိုးပါလ်မာတို့ရဲ့ ဂိုးမိုးခေါင်နေမှုအပေါ် စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။
နည်းပြ မာရက်စကာက”ကံမကောင်းစွာဘဲ ကျွန်တော်တို့ဟာ အရမ်းလွယ်တဲ့ဂိုးတွေကို လွဲချော်နေရတယ်။ မကြာခင်မှာပဲ နီကိုနဲ့ ကိုးလ်တို့ ဂိုးတွေစသွင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ဒီအရာတွေအတွက် စိုးရိမ်မိလားလို့မေးရင် စိုးရိမ်ပါတယ်လို့ဘဲ ပြောရမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းမှာ ကိုးပါလ်မာက ၁၅ ပွဲဆက်၊ နီကိုးလက်စ်ဂျက်ဆင်က ၁၂ ပွဲဆက်၊ အန်ကွန်ကူက ၈ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ တိုက်စစ်ကစားသမားတွေ ခြေစွမ်းပျောက်ဆုံးနေတာဖြစ်ပါတယ်။
#Mercury#mercurynews#အားကစား#ချဲလ်ဆီး